ဂါထာတွေနဲ့ သွန်းထားရတဲ့ ညနေ

ဝေဿန္တရာထုံး နှလုံးမူတော်မူကြပါ

Posted by: thurathawah on: November 7, 2008

ဒီတခါတော့ ဘာမှလည်းသိပ်ရေးစရာမရှိလို့ ကျနော်တွေးမိသမျှ ပေါက်ပေါက်ရှာရှာ တွေရယ်….. ကြုံခဲ့ဖူးတဲ့ ရယ်စရာလေးတွေရယ်ကိုပဲ လျှောက်ရေးပြပါ့မယ် ။

ကျနော်စဉ်းစားမိတာတစ်ခုရှိတယ် ။ဘာလဲဆိုတော့ ကျနော်တို့ယောင်္ကျားလေးတွေ မိန်းမယူပြီးရင် အများစုကတော့ ကိုယ့်မိန်းမကို လုပ်ကျွေးကြပါတယ် ။ အဲ…..တချို့ကျတော့ မိန်းမလုပ်စာကို ထိုင်စားကြတယ်ခင်ဗျ ။ အဲဒါကို လူတွေကပြောကြတယ် ။`ဒီကောင်က မိန်းမလုပ်စာထိုင်စားတဲ့ကောင်… အရှက်မရှိတဲ့ကောင်…´ ဘာညာပေါ့ ။ အဲဒီလို အပြောခံရတဲ့သူကလည်း နာကြပါတယ် ။ ကျနော့်အထင်တော့ လူတွေကလည်း အဲဒီလို မပြောသင့်သလို အပြောခံရတဲ့သူကလည်းမနာသင့်ဘူးလို့ထင်တာပဲ ။ စဉ်းစားကြည့်လေ….

ကျနော်တို့ သာမာန်ပုထုဇဉ်လူသားတွေမပြောနဲ့ ။ ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီးတောင်မှပဲ မဒ္ဒီဒေ၀ီ မိဖုရားလုပ်ကျွေးတာကို မြိန်မြိန်ကြီးထိုင်စားခဲ့သေးတာပဲ …. ကျနော်တို့လို လူတွေ မိန်းမလုပ်စာထိုင်စားတာလောက်ကတော့ Never Mind ပဲပေါ့နော် ။

ကျနော်ပြောတာကို သူငယ်ချင်းတွေ လက်ခံကြပါသလား ။ လက်ခံတယ်ဆိုတဲ့ သူငယ်ချင်းတွေအကုန်လုံး Committe of Waithandara ဖွဲ့ဖို့အတွက်စာရင်းပေးနိုင်ပါတယ် ။

(မှတ်ချက်။   ။ တွေးမိသလိုလေးကို ရယ်ရအောင် ပြန်ရေးပြတာဖြစ်ပါတယ် ။ အဲဒါကို အတည်မှတ်ပြီး အဲဒီအတိုင်း ကျင့်ကြံမိလို့ ယောက္ခမ ဖနောင့်စာမိရင်တော့ ကိုယ်ဖြစ်ကိုယ်ခံ ဖြစ်ပါတယ်လို့ ကြိုတင်အသိပေးအပ်ပါကြောင်း…..)

နောက်တစ်ခုပြောပြချင်တာက ကျနော်တို့ မြန်မာလူမျိုးတွေ ယုံကြည်ကြတဲ့ အတိတ်နမိတ်အကြောင်းပါ ။ ကျနော်တို့လူငယ်တွေ ပါးစပ်က ပေါက်ကရတွေလျှောက်ပြောတဲ့အခါမျိုးဆိုရင် လူကြီးတွေက တားမြစ်ကြပါတယ်။ အစကတော့ အဲဒါတွေကို အယုံအကြည်မရှိပါဘူး ။ အခုတော့ကိုယ်တွေ့မို့လို့ ယုံသွားပါပြီ ။

ဖြစ်ပုံက…….ဟိုတလောက ကျနော့်သူငယ်ချင်းတစ်ယောက် လက်ဖက်ရည်ဆိုင်ဖွင့်ပါတယ် ။ဆိုင်ဖွင့်ပွဲမနက် ရောက်တော့ ကိုသူရဿဝါတို့ကလည်း သွားဝါးတာပေါ့ ။ အဲဒီမှာ မနက်စောစောစီးစီး ဒီကောင်က ဘာသီချင်း ဖွင့်တယ်အောက်မေ့လဲ ။ အဲဒီသီချင်းက အတိတ်နိမိတ်မကောင်းလို့ ကျနော်က မဖွင့်ဖို့တားပါသေးတယ် ။ ဒါပေမယ့် သူကအဲဒီသီချင်းကို သိပ်ကြိုက်တော့ မပိတ်ပါဘူး ။ ဘာသီချင်းကို ကောက်ဖွင့်တယ်ထင်သလဲ ။

စိုင်းထီးစိုင် ဆိုတဲ့သီချင်းလေ ။ `အစကတည်းကမှ အဆင်မပြေတဲ့ ကိုယ်တို့ဘ၀ပါ အချစ်ရယ် ´ ဆိုတဲ့သီချင်းပေါ့

အမယ်…..သကောင့်သားက ကြိုက်လွန်လွန်းလို့ အဲဒီစာသားကိုဆိုပြီးတော့ကို အေးဆေးလက်ဖက်ရည် ထိုင်ဖျော်နေတာ…..

အခုဒီကောင့်ဆိုင် ဘာဖြစ်နေတယ်ထင်လဲ ။ တကယ့်ကို ကျီးနဲ့ဖုတ်ဖုတ်…..

ဟုတ်တယ်လေ….. အစကတည်းကကို အဆင်မပြေပါဘူးဆိုမှတော့ နောက်ပိုင်းလည်း ထူးမခြားနားပေါ့ ။

အဲဒီတော့ ကျနော်သတိပေးချင်တာက သူငယ်ချင်းတွေလည်း အတိတ်နိမိတ်ကောင်းတွေကိုသာ ရွေးတတ်ကြပါစေလို့ ။ဥပမာ…. ထီထိုးမယ် ဆိုရင်လည်း ထီဆိုင်ကဘာသီချင်းဖွင့်နေလဲ အရင်နားထောင်လိုက်

`နင်လှည့်စားရက်တယ် ငါ့ရင်ကိုခွဲ ´ဆိုတဲ့သီချင်းမျိုးဖွင့်ထားလို့ကတော့ အနားတောင်မကပ်ကြပါနဲ့ ။ `အခုအလှည့် ဘယ်သူ့အတွက်´ ဆိုတဲ့ သီချင်းမျိုးကြားရင်တော့ အမြန်သာပြေးထိုးပေတော့။ ထီသည်ကို ထိုးခိုင်းတာမဟုတ်ဘူးနော် ။ ထီထိုးခိုင်းတာပါ ။ အဲ…….တကယ်လို့မပေါက်ရင်တော့ ကျနော့်ကို အပြစ်မတင်ကြပါနဲ့ ။သီချင်းထဲမှာကိုက ပါပြီးသားလေ ။ `အခုအလှည့် ဘယ်သူ့အတွက် ´တဲ့ ။ ကိုယ့်အလှည့်မရောက်သေးဘူးလို့ပဲ မှတ်တော်မုကြပေါ့နော……

Tags:

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Categories

Archives

Follow

Get every new post delivered to your Inbox.